top of page

Bee Care Honey Energy Gel ကို ဘယ်အချိန်သောက်ရင် အထိရောက်ဆုံးလဲ?

  • Writer: Hein Aung
    Hein Aung
  • Dec 5, 2025
  • 1 min read

ကျွန်တော်တို့ ဖုန်းတွေမှာ Battery ပါသလို၊ ခန္ဓာကိုယ်မှာလည်း "Glycogen" (ဂလိုင်ကိုဂျင်) လို့ခေါ်တဲ့ သဘာဝဘက်ထရီအိုး ပါပါတယ်။


🍚 အစာစားလိုက်တိုင်း ရလာတဲ့ အားအင်တွေကို ခန္ဓာကိုယ်က Glycogen အဖြစ်ပြောင်းပြီး ကြွက်သားတွေထဲမှာ သိမ်းထားတာပါ။ ပြဿနာက အဲ့ဒီ Internal Battery (Glycogen) က အကန့်အသတ်နဲ့ပဲ ပါတာပါ။


လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်တဲ့အခါပဲဖြစ်ဖြစ်၊ အလုပ်ရှုပ်ပြီး အစာမစားမိတဲ့အခါပဲဖြစ်ဖြစ် ဒီဘက်ထရီအိုးက "Low Battery" ပြပြီး ကုန်သွားတတ်ပါတယ်။ အဲ့ဒီအချိန်ကျရင် မူးဝေ၊ အားပြတ်ပြီး ဘာမှဆက်မလုပ်နိုင်တော့ပါဘူး။ 📉


ဒါကို ဖြေရှင်းဖို့ Bee Care Honey Energy Gel က "Fast Charging Power Bank" လို ကူညီပေးနိုင်ပါတယ်။ 🚀


 ဘယ်အချိန်မှာ အသုံးပြုသင့်လဲ? (When to use)


🏃‍♂️ ၁။ အားကစားသမားများအတွက် (For Performance) (Internal Battery မကုန်ခင် ထပ်ဖြည့်ခြင်း)

  • ⚡️ မစခင် (၁၅) မိနစ်အလို: တစ်ထုပ် သောက်ပါ။ (Battery 100% အပြည့်နဲ့ စတင်နိုင်ဖို့ပါ၊ စတာနဲ့ ပေါ့ပါးသွက်လက်နေပါလိမ့်မယ်။)

  • ⚡️ ကစားနေစဉ် (၄၅) မိနစ်တစ်ခါ: (မာရသွန်ပြေးတာ၊ စက်ဘီးစီးတာတွေမှာ Battery 20% လောက်ထိ မကျသွားအောင် ၄၅ မိနစ်တိုင်း ထပ်ဖြည့်ပေးရင် ပန်းတိုင်ရောက်တဲ့အထိ အရှိန်မကျတော့ပါဘူး။)


💼 ၂။ ပုံမှန်လူများအတွက် (For Daily Life) (Low Battery ဖြစ်တဲ့အချိန် အရေးပေါ်အားဖြည့်ခြင်း)

  • ⚡️ သဘာ၀ပျားရည်ကို အခြေခံပြီး ပြုလုပ်ထားတာဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့သင့်တော်ပြီး ပုံမှန်လူတွေမှာလည်း အသုံးပြုနိုင်ပါတယ်။

  • ⚡️ နေ့လည် (၂) နာရီ၊ (၃) နာရီ ဝန်းကျင်: (ရုံးမှာ ဦးနှောက်သုံးရလွန်းလို့ Battery ကုန်ပြီး အိပ်ငိုက်၊ ခေါင်းမကြည်ဖြစ်ရင် တစ်ထုပ်သုံးပါ။ ဦးနှောက်ကြည်လင်စေပါတယ်။)

  • ⚡️ အစာစားချိန်ကျော်လွန်ချိန်: အစာအိမ်ထဲမှာ လောင်စာကုန်ပြီး ရင်တုန်၊ လက်တုန်ဖြစ်ရင် Bee Care က အချိန်တိုအတွင်း သွေးကြောထဲရောက်ပြီး အားပြန်ပြည့်စေပါတယ်။)


💧 အသုံးပြုပုံ (How to use)

🐝 အထုပ်ကိုဖောက်၊ ပါးစပ်ထဲညှစ်ထည့်၊ ပြီးရင် ရေတစ်ငုံ၊ နှစ်ငုံ လောက်သောက်ပေးပါ။ (ရေက စွမ်းအင်တွေကို ခန္ဓာကိုယ်အနှံ့ မြန်မြန်ရောက်အောင် သယ်ဆောင်ပေးလို့ပါ။)


ဖုန်းအားကုန်မှာကြောက်လို့ Power Bank ဆောင်သလို... လူအားကုန်မှာမပူရအောင် Bee Care Honey Energy Gel ကို အိတ်ထဲဆောင်ထားကြစို့! 😉💪


ဝယ်ယူရရှိနိုင်တဲ့ဆိုင်များကို အောက်ပါ link မှာကြည့်ရှုနိုင်ပါတယ်။


 
 
 

Comments


bottom of page